ဘဝမှာ အပြောင်းအလဲတွေနဲ့ကြုံ နေတဲ့အခါ ဒီအပြောင်းအလဲတွေကိုဘယ်လိုရင်ဆိုင်သွားရမလဲ ၊ ဒီအချိန်မှာဘဲ ဘယ် Chakras တွေကို Healing လုပ်သွားရမလဲဆိုတာကို ပြောပြသွားပါမယ်။
1.CHANGE = NEW ENERY
ပထမတစ်ချက်ကတော့ ပြောင်းလဲမှု နဲ့အတူ အသစ်အသစ်သောအရာတွေဟာလည်း ကျွန်မတို့ဘဝထဲကို ရောက်လာတယ်။ လူဆိုတဲ့ အရာဟာသိပြီးသားအရာ ၊ ရင်းနှီးကျွမ်းဝင်ပြီးသား ပတ်ဝန်းကျင်ထဲမှာပဲ လုံခြုံတယ်လို့ ခံစားရတယ်။ ပြောင်းလဲမှုနဲ့အတူ ပါလာတဲ့ အသစ်သောအရာတွေဟာ ဘဝအတွက် တိုးတက်စရာတွေ ဘယ်လောက်ပဲ ဖြစ်နေပါစေ ၊ ပျော်ရွှင်ကြည်နူးဖို့ ဘယ်လောက်ပဲ ကောင်း နေပါစေ _မသိစိတ် ထဲမှာ “ဟဲ့..ဘာတွေလုပ်နေပြန်ပြီလဲ” “ဘာမှလည်းဖြစ်မှာလည်းမဟုတ်ဘူး” ၊ “လုပ်မနေပါနဲ့တော့” ၊ “မလုံခြုံဘူး” စသဖြင့်သော Inner Voice ကပေါ် လာပြီးတော့ ဒီလိုမျိုး ပြောင်းလဲမှုတွေကြားထဲမှာပဲ Fully Safe ဖြစ်တယ်လို့ မခံစားရတာ သဘာဝဖြစ်ပြီး ၊ ကိုယ့်ရဲ့ Caveman Pattern ထဲကို ကိုယ်ပြန် ရောက်သွားတတ်တယ်။
2. Notice Your Caveman Pattern
New Energy ကြောင့်မို့လို့ အတွေ့အကြုံအသစ်တွေကို ကြုံရတဲ့အခါ သို့မဟုတ် သူငယ်ချင်းအသစ်တွေ မိတ်ဆွေအသစ်တွေနဲ့ အလုပ်ကိစ္စအသစ်တွေကို လုပ်ရတဲ့အခါမှာ သိပြီးသား ၊ ရင်းနှီးပြီးသား အရာကိုပဲ ဆွဲကိုင်ထားချင်တဲ့ သင့်ရဲ့ အတ္တ သို့မဟုတ် သင့်ရဲ့ Ego က “တော် ပြီ ..တော် ပြီ ငါ့ အတွက် safe မဖြစ်ဘူး ၊လုံခြုံ မှာ မဟုတ်ဘူး”.. ဆိုပြီး မူလ Old Identity ကို ပြန်ရောက်သွားတယ်။
3. Honor The Old, Embrace The New
ကိုယ့်ရဲ့ Old Version ကိုလည်း Honor လုပ်ပါ။ ဘယ်အချိန်တွေမှာ ၊ ဘယ်လိုအခြေအနေတွေမှာ ဒီ Old Version ကပေါ်လာပြီး ရှေ့ဆက်မသွားဖို့ကို သတိပေးနေလဲဆိုတာ ပြန်ဆန်းစစ်ပါ။ အဲဒီ့ သတိပေးနေတဲ့ New Version နဲ့ Old Version ကို စကားသေချာ ပြောပြီး ၊ သူပြောတဲ့ စကားတွေကိုလည်း အသိမှတ်ပြုပေးပါ။ တစ်ချိန်တည်းမှာပဲ အသစ်သောအရာတွေကို ထိပ်တိုက်ရင်ဆိုင်ပါ။
4. Making Fun
ဒီလို အသစ်အသစ်သော အရာတွေကို လုပ်ဆောင်နေတဲ့ အချိန်မှာလည်း Making Fun ဖြစ်အောင်လုပ်ပါ။ အရမ်းကြီး ကိုယ့်ကိုယ်ကိုယ်ပို Push လုပ်နေတာမဟုတ်ဘဲ ကလေးတစ်ယောက်ရဲ့ စူးစမ်းတတ်တဲ့ အမြင် ၊ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်တဲ့ အပြုအမူ ကို အတုယူပြီး အသစ်သောအရာတွေကို လုပ်ဆောင်နေတဲ့ အချိန်မှာလည်း သင့်ပုံစံအတိုင်း ပျော်ရွှင်စေမယ့်ပုံစံနဲ့ လုပ်ဆောင်ပါ။
5. Every growth is a growth.
ဒီလို ဘဝအသစ် Journey အသစ်ကို လျှောက်လှမ်းနေတဲ့အချိန်မှာ သင့်ရဲ့ တိုးတက်မှုတိုင်းကို တိုးတက်မှုလို့ သတ်မှတ်ပါ။ ဒီလောက် ကြီးတိုးတက်မှ အဲ့လောက်ကြီးတိုးတက်မှစတဲ့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ တိုးတက်မှုဆိုတဲ့ Measurement ကို လွှတ်ချပြီး Create your own definition of success. Create your own definition of growth. သင့်ရဲ့ တိုးတက်မှုဟာဘာလဲ ၊ သင့်ရဲ့ အောင်မြင်မှုဟာဘာလဲ ဆိုတာကို သင်ကိုယ်တိုင် ပြန်သတ်မှတ်ပါ။
6. Root Chakra Resilience & Alignment
ဘဝမှာ ဆုံးရှုံးမှု တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ ဆုံးရှုံးမှုတွေကို ကြုံရပြီးတဲ့နောက် ဘဝကရှေ့ဆက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘဲ ဘဝက Stuck ဖြစ်နေတယ်လို့ ခံစားရတဲ့အချိန် ၊ Journey အသစ်တစ်ခုကို စတင်ချင်ပေမဲ့လည်း ဘယ်လိုမှစလို့ မရဘူးလို့ ဖြစ်နေတဲ့အချိန် မှာ Root Chakra ဟာ ခိုင်ခံ့နေဖို့ အရေးကြီးပါတယ်။ သင့် ရဲ့ Ground ကို ပြန်လည်ရှာဖွေပါ။ ဒီလို ပြောင်းလဲရှာဖွေတွေ့ရှိ ဖို့အတွက် Root Chakra ဟာ Alignment ဖြစ်နေဖို့ လိုအပ်ပါတယ်။
အခုစာဖတ်နေတဲ့သင်ဟာလည်း နိုင်ငံရပ်ခြား သို့မဟုတ် နေရာသစ်မှာ ဘဝသစ်တစ်ခုပြန်လည်စတင်နေရတဲ့သူဆိုရင် ကျွန်မအခုပြောပြထားတဲ့ အချက် ( ၆ ) ချက်ကို လုပ်ဆောင်ကြည့်ပါ။ ရောက်တဲ့နေရာမှာ သင့်ရဲ့ အိမ် ၊ သင့်ရဲ့ Ground ကို ပြန်လည်ရှာဖွေတည်ဆောက်နိုင်ဖို့အတွက် Root Chakra Alignment တွေကို ပြန်လည်လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ကျွန်မရဲ့ Guided Meditation ကိုလုပ်ဆောင်နိုင်ပါတယ်။
Walking this journey with you, one step at a time.
Clarie x.
Recommended Service:
Vision Clarity Coaching
Life and Career အပြောင်းအလဲကာလတွေမှာ စိတ်ဖိစီးမှုများကြုံတွေ့နေရသူများ ၊ ရောက်နေတဲ့နေရာသစ် ၊ အလုပ်အကိုင်အသစ်တွေမှာ အခြေမကျဘဲ ဘာဆက်လုပ်ရမှန်းမသိ စိတ်ရူပ်ထွေးနေသူများအတွက် ကျွန်မနဲ့အတူတူ Career Coaching (သို့) Mindful Life Coaching Service များကို ရယူပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အခုဘဲ အခမဲ့ Discovery Call ခေါ် ယူပြီး ဆွေးနွေးလိုက်ပါ။
BOOK FREE DISCOVERY CALL