🌿အပင်တွေကြီးလာတာနဲ့အမျှ ပန်းအိုးအကြီးထဲကိုပြောင်းပေးရတယ်။ မဟုတ်ပဲ ရှိလက်စ နဂိုပန်းအိုးထဲမှာပဲ ဆက်ထားမယ်ဆိုရင် အဲ့ဒီအပင်ဟာ ဆက်လက်ကြီးထွားသင့်သလောက် မကြီးထွားဘူး။
🪴ဒီလိုပဲ အမြစ်ကထွက်လာတဲ့ အပင်အနုအသစ်လေးတွေ ပန်းအိုးအသစ်မှာ ခွဲပြီးစိုက်ပေးရတယ်။
🪴အဲ့လိုမှ မူရင်းအပင်အတွက်လဲ မြေဆီလွှာအပြည့်ရပြီး ပိုမိုရှင်သန်နိုင်သလို အပင်အနုအသစ်လေးတွေအတွက်လဲ ပင်မအပင်ရဲ့ အမြစ်ကိုခွဲပြီး စိုက်လိုက်တဲ့အတွက်ကြောင့် မြေဆီလွှာဓါတ်ကို အပြည့်အဝရရှိစေတယ်။ အပင်အဟောင်းရော၊ အပင်အသစ်ရော လွတ်လပ်စွာကြီးထွားရှင်သန်နိုင်တယ်။
မြန်မာမှာဆို “လောင်းရိပ်မိတယ်” ဆိုတဲ့စကားရှိတယ်။
လူငယ်တွေအချိန်တန်လာရင် သူတို့ခြေထောက်ပေါ်သူတို့ရပ်နိုင်ဖို့အတွက် မိဘတွေဆီကခွဲထွက်ရတယ်။ ဒီလိုခွဲထွက်တဲ့အချိန်မှာလဲ တာဝန်တွေဝတ္တရားတွေနဲ့ ပြန်ချုပ်နှောင်ထားရင်၊ အပင်အသစ်ကလေးတွေအတွက် အမြစ်ကို မခွဲပေးလိုက်တာနဲ့ အတူတူပဲ။
Chakra System ဖွဲ့စည်းတည်ဆောက်ပုံအရပြောရရင် Root Chakra အခြေအမြစ်မခိုင်မာသေးပဲ၊ Solar Plexus Chakra ရဲ့ တာဝန်တွေဝတ္တရားတွေကို ထမ်းဆောင်နေရသလိုဖြစ်တယ်။ အဲ့ဒီ့တော့ အပေါ်ကိုတက်သင့်သလောက် မတက်နိုင်ဘူးဖြစ်ကြတယ်။
ကျွန်မတို့ မြန်မာတွေအများစုဟာ FEAR BASED ကြောက်စိတ်ကို အခြေခံတဲ့ သွန်သင်ဆုံးမှုတွေနဲ့ ကြီးပြင်းလာတဲ့သူတွေများတယ်။ Scarcity Mindset တော်တော်များများမှာရှိကြတယ်။ That’s the main reason your root chakra is out of alignment!
– When you 𝘽𝙀𝙂𝙄𝙉 your new journey in foreign country 𝘼𝙂𝘼𝙄𝙉
– When you 𝘽𝙀𝙂𝙄𝙉 your new job 𝘼𝙂𝘼𝙄𝙉
စတဲ့ ဘဝထဲမှာ ကြီးကြီးမားမားပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ Root Chakra ကိုပြန်လည်တည်ဆောက်ပါ။
လိုအပ်တဲ့ Healing & Alignment လုပ်ပါ။
ဘဝမှာ သင်နဲ့ aligned ဖြစ်တဲ့ Abundance ပြည့်စုံကြွယ်ဝမှုတွေကို ရယူနိုင်ရန် မိဘလောင်းရိပ်အောက်က ထွက်ပါ။ သင့်ရဲ့ Ground ကိုသင်ပြန်ရှာပါ။ တွေ့တဲ့အခါလဲ အဲ့ဒီ့ Ground နဲ့ချိတ်ဆက်ပြီး ဘဝအသစ်တစ်ခုကို စနိုင်ရန်အတွက် Rooted ဖြစ်ပါစေ။ Root Chakra အားကောင်းလာလေလေ သစ်ပင်အကြီးကြီးတွေလိုပဲ သင့်ဘဝထဲရရှိလာမယ့် Abundance တွေကို လက်ခံယူနိုင်လေဖြစ်ပါတယ်။ ✨
လောင်းရိပ်မမိပါစေနဲ့ 🪴
And, where are you and how’s your new journey going? I truly want to know you. Tell me in the comment
Walking this journey with you, one step at a time.
Clarie x.
Recommended Service:
Vision Clarity Coaching
မိမိဘဝကိုမိမိ ကိုယ်တိုင်ပြန်လည်တည်ဆောက်ချင်သူများ ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကာ ဘဝကို မိမိစိတ်ဆန္ဒအတိုင်း လိုချင်သောဘဝကို ဖန်တီးနေထိုင်သွားလိုသူများ အနေဖြင့် ကျွန်မနဲ့အတူ Mindful Life Coaching Service ကို ရယူပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အခုဘဲ အခမဲ့ Discovery Call ခေါ် ယူပြီး ဆွေးနွေးလိုက်ပါ။
BOOK FREE DISCOVERY CALL