ဘ၀က တစ်နေရာထဲမှာ ပိတ်မိနေတယ် လို့ခံစားနေရသူတွေ အတွက် Personal Development အတွက်ပဲ ဖြစ်ဖြစ် Spiritual Practice အတွက်ပဲဖြစ်ဖြစ် လုပ်သင့်တဲ့အရာတွေကတော့_
1. Friction Audit
Friction Audit ဆိုတာ လုပ်ရမယ့်အရာတွေကို အကုန်ရေးချပြီး၊ ချေရးသမျှတိုင်းကို Project တစ်ခုစီ အနေနဲ့ သတ်မှတ်ပြီး လုပ်ဆောင်တာ၊ အသေးလေးက စပြီးလုပ်တာ။
ဥပမာ – ၀တ်စရာအ၀တ်တွေများပြီး ပွကြဲနေတဲ့ ဗီဒိုကို ရှင်းတာလေးကအစ Project တစ်ခုအနေနဲ့ သတ်မှတ်ပြီး ရှင်းလင်းတာ ဗီဒိုရှင်းတာကတော့ short-term project ဖြစ်မှာပေါ့။
Long-term project အနေနဲ့ကတော့ အကျင့်တစ်ခုကို တည်ဆောက်တာ၊ Skill တစ်ခုကို learning လုပ်တာမျိုပေါ့။
2. Setting SMART Goal
Goal Setting သတ်မှတ်တဲ့အခါ_
📌Specific တိတိကျကျ သတ်မှတ်တာ
🎯Measurable တိုင်းတာလို့ရတာ
📝Action လုပ်ဆောင်ချက် အတိအကျ သတ်မှတ်တာ
🌱Realistic ဖြစ်တာ သို့ Relevant ဖြစ်တာ
⏰Time တစ်ခု သတ်မှတ်တာ
Goal Setting သတ်မှတ်တဲ့အခါ တော်တော်များများ ကြုံလေ့ရှိတဲ့ ပြသာနာက ကိုယ်နဲ့ မသက်ဆိုင်တဲ့ Goal ကို သတ်မှတ်တာ (သို့) ကိုယ့်လက်ရှိအခြေအနေထက် အဆင့် ကျော်ပြီး Goal တွေသတ်မှတ်တာ။ ဒါကြောင့်လဲ Goal Setting သတ်မှတ်တဲ့အခါ Root Chakra ရဲ့ အရေးကြီးမှု၊ Grounded ဖြစ်မှုတွေကို ပြောပြခဲ့ဖူးပါတယ်။
3. Root Chakra Grounding
Root Chakra Grounding လုပ်တယ်ဆိုတဲ့နေရာမှာ Reiki Healing ယူတာ၊ တရားထိုင်တာမျိုးတွေကိုမှ Grounding လို့ပြောတာ မဟုတ်ပါဘူး။ ဒီတိုင်းလေးထိုင်နေပြီး ရှေ့ ( ၃ ) လမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ပြန်စဥ်းစားတွေးတောတာ၊ ငါဘာတွေကို learning လုပ်ခဲ့လဲဆိုတဲ့ အမြင်နဲ့ကြည့်တာတောင် မဟုတ်ဘဲ ဖြစ်ခဲ့တဲ့အရာ၊ ဖြစ်လာတဲ့အရာ၊ ဖြစ်နေတဲ့အရာတွေကို Judgmental အတွေးမပါဘဲ အရှိကို အရှိအတိုင်းလေး contemplating လုပ်တာ။
အခုနေရာကနေ next step ကို ရောက်ဖို့ လူတိုင်းမှာ အခွင့်အရေးတွေရှိတယ်၊ resource တွေရှိတယ်။ ဒီအခွင့်အရေးတွေကို မြင်လာဖို့ရှိနေတဲ့ Resource တွေကို အသုံးချတက်ဖို့ အောက်ပါအချက်တွေကိုလည်းလုပ်ဆောင်ပါ။
→ Be patient
ချက်ချင်းရုန်းထွက်ချင်တဲ့ စိတ်ကို ခဏလေး endure လုပ်ပြီး သင်ဘာတွေလိုအပ်နေလဲဆိုတာ သိဖို့ ကြည့်တက်ရတယ်၊ ဒါ့ကြောင့် အခက်အခဲဖြစ်ရင် တစ်ရက်ချင်းစီ နေထိုင်ပါဆိုတာ ပြောတာ။
→ Find the transferable skills for next step
ရောက်နေတဲ့ နေရာကနေ နောက်တစ်ဆင့်ကို သယ်သွားလို့ရမယ့် skill တွေကို ပြန်စမ်းစစ်ပြီး အဲ့ဒီ skill တွေ တိုးတက်အောင် လုပ်ထားရမယ်။
→ Surrender
Surrender ဆိုတာ ရုန်းကန်နေတဲ့စိတ်၊ Survival State မှ နေထိုင်နေတဲ့ စိတ်ကို လျှော့ချရတယ်။ Then you will see your real next step. တစ်ခါတစ်လေ ကျွန်မတို့ ထင်ထားတဲ့ next step ဟာ ဘ၀က တကယ်တမ်း ကျွန်မတို့ကို ခေါ်ဆောင်သွားမယ့် next step တွေ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်၊ ဒါတွေကို မြင်နိုင်ဖို့ သိနိုင်ဖို့ဆိုတာ Surrender လုပ်ထားရတယ်။
တစ်ချို့တွေအတွက် အိပ်မက်တွေဟာ အချိန်ပေးရတာပါ။ စျေးကြီးတာမဟုတ်ပါဘူး။
ဒီစာဖတ်နေတဲ့သူရော အပေါ်က ( ၃ ) ခုထဲက ဘယ်အရာကို လုပ်ရန် စိတ်ကူးထားလဲ❓
Comment Box မှာ ရေးပေးခဲ့ပါဦး။ 👇
Walking this journey with you, one step at a time.
Claire x.
Recommended Service:
Vision Clarity Coaching
ဘဝက တစ်နေရာတည်းပိတ်မိနေပြီး ရှေ့ဆက် ဘာဆက်လုပ်ရမှန်းမသိ လမ်းပျောက်နေသူများအနေဖြင့် အတွက် ကျွန်မနဲ့အတူ Mindful Life Coaching Service ကို ရယူပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အခုဘဲ အခမဲ့ Discovery Call ခေါ် ယူပြီး ဆွေးနွေးလိုက်ပါ။
BOOK FREE DISCOVERY CALL