Soul Purpose လို့ပြောလိုက်ရင် လူတော်တော်များများထင်ကြတာက တစ်သမတ်တည်း မပြောင်းလဲဖြစ်နေရမယ့် ကိုယ့်ရဲ့ ရည်ရွယ်ချက်လို့ထင်ကြပါတယ်။ ဒီလိုထင်ကြတဲ့အတိုင်း မိမိရဲ့ Soul Purpose ကို ကြီးကြီးမားမားကိုယ့်ကိုတွင်းမှာ အချိန်ပေးရှာဖွေရမဲ့ အရာဆိုပြီး လိုက်ရှာတက်ကြပါတယ်။
တကယ်တမ်းတော့ Soul Purpose ဆိုတာ မိမိရဲ့ Natural Energy ကိုေပြာတာပါ။ ကျွန်မတို့ ဒီလောကမှာ Energy တွေအမျိုးမျိုးရှိပါတယ်။ Loving Energy, Creative Energy, Power Energy, စသည်ဖြင့် လူအမျိုးမျိုးမှာ မတူညီတဲ့သူ့ကိုကိုယ်စားပြုတဲ့ Energy အသီးသီးရှိပါတယ်။
ဥပမာ – ကိုယ်က ချစ်ခြင်းမေတ္တာကို စာနာတက်တာ၊ သနားတက်တာတွေကို ပိုအလေးထားနှစ်ခြိုက်ပြီး၊ နောက်လူတစ်ယောက်ကတော့ ဒီအရာတွေအပေါ်မှာ သိပ်အလေးထားတာမျိုး မဖြစ်ဘဲနဲ့ သူ့အတွက်က မှန်ကန်တဲ့အရာတွေကိုပြောရမှ ၊ လုပ်ရမှ သူ့အတွက် အလေးထားစရာပိုကောင်းနေတာ စသဖြင့် တွေ့ဖူးကြမှာပါ။
ဒါကိုကြည့်ချင်းအားဖြင့် ကိုယ့်ရဲ့ Natural Energy နဲ့ တခြားသူရဲ့ မတူညီဘဲ ၊ လူတိုင်းဟာ မတူညီတဲ့ Soul Energy အတိုင်းလွှင့်နေကြတာပါ။ ဒါဟာ တစ်နည်းအားဖြင့် မိမိရဲ့ Soul Purpose ဆိုတာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိရဲ့ Soul Purpose ဆိုတာ ကိုယ့် Soul ရဲ့ Energy ဖြစ်ပြီး ၊ Soul Purpose နဲ့အညီ ဘဝကိုနေထိုင်ဖို့ဆို မိမိရဲ့ Soul Energy ကို လောကကြီးကို ဝေမျှနေရရင် ကိုယ်ရဲ့ Soul Purpose နဲ့ကိုက်ညီနေပါတယ်။
ဥပမာ – ကိုယ့်ရဲ့ ပင်ကိုယ် Energy က Creative Energy ဆိုကြပါစို့။
ဒါကြောင့် ငါ ဒီလို Creative ဖြစ်ဖို့အတွက် ကိုယ်ဟာ Creative အဖြစ်တဲ့အလုပ်တွေဖြစ်တဲ့ စာရေးဆရာလုပ်မှ၊ အဆိုတော်လုပ်မှဆိုပြီး အလုပ်တစ်ခုတည်းလုပ်ရမယ်လို့တွေးပြီး အလုပ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းမှာဘဲ စဉ်းစားလိုက်ကြပါတယ်။
အဲ့လိုသတ်မှတ်လိုက်တဲ့အတွက်ကြောင့် ကိုယ်ရဲ့ soul purposeနဲ့ညီတဲ့ ပုံစံကိုရှာမတွေ့တော့ဘူးဆိုပြီး စိတ်ဓာတ်ကျတာ ၊တစ်ခုခုလိုအပ်သလိုခံစားနေရတာတွေဖြစ်လာပါတယ်။
တကယ်တမ်းတော့ ဒီ Creative Energy ကိုထုတ်လွှင့်နေဖို့ဆိုရင် အလုပ်တစ်ခုတည်းမဟုတ်ဘဲ နေ့စဉ် ဒီ Energy ကိုကိုယ်ထုတ်လွှင့်နေနိုင်တဲ့ စာရေးတာ ၊ သီချင်းဆိုတာ ၊ ပန်းချီလေးတွေ ဆွဲတာ ၊ Ideas လေးတွေ ကွန့်မြူးနေရတာဖြစ်ချင်ဖြစ်မယ်။ ဒါလေးတွေကို နေ့စဉ် ကိုယ်Energy နဲ့ကိုက်ညီတဲ့ အရာလေးတွေကို လုပ်နေခွင့်ရရင် ဒါဟာ မိမိရဲ့ Soul Purpose အတိုင်းနေထိုင်နေခြင်းဖြစ်ပါတယ်။
မိမိရဲ့ Soul Energy ဟာဘာမှန်းမသိဘူးဆိုရင် မိမိရဲ့ဘဝတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်ပါ။
💖 ဘယ်အချိန်တွေမှာ ကိုယ်ဟာဘယ်အရာလေးတွေကို လုပ်နေရရင် ချစ်ခြင်းမေတ္တာတွေကို ခံစားနေရသလဲ။
💖 ဘယ်အချိန်တွေမှာ ပြင်ပအရာတွေရဲ့တိုက်တွန်းချက်ကြောင့်မဟုတ်ဘဲ စိတ်အားတက်ကြွစွာနဲ့ လုပ်ခဲ့ဖူးလဲ။
💖 ဘယ်အချိန်တွေမှာ ကိုယ်ဟာ ကိုယ့်ဘဝကြီးက အဓိပ္ပာယ်ရှိတယ်လို့ အပြည့်အဝခံစားခဲ့ရဖူးသလဲ။
💖 ဘယ်အရာတွေကို ငွေကြေး ၊ ထင်မြင်ချက်တွေသာ မရှိရင် ဘာလုပ်ချင်တာရှိလဲ။
ဘဝမှာ ကျွန်မတို့ လူတိုင်း မိမိရဲ့ Soul Purpose ၊ Soul Energy နဲ့ကိုက်ညီတဲ့ အရာတွေကို လုပ်နေရရင် ကျွန်မတို့လိုချင်တဲ့ ဖန်တီးချင်တဲ့ ဘဝတစ်ခုကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးနေထိုင်နိုင်မှာဖြစ်ပါတယ်။
Walking this journey with you, one step at a time.
Claire x.
Recommended Service:
Vision Clarity Coaching
ရည်မှန်းချက်တွေ ပျောက်ဆုံးလာပြီး အလုပ်အကိုင် Career လမ်းကြောင်းမှာ လမ်းပျောက်နေတဲ့သူများ ၊ ဘဝအပြောင်းအလဲတွေကြား ရှေ့ဆက်ရမယ့် ဦးတည်ချက် ၊ ရည်ရွယ်ချက်များကို ပြန်လည်ရှာဖွေမတွေ့ရှိသေးသောသူများအနေဖြင့် ကျွန်မနဲ့အတူတူ Career Coaching Service ရယူပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အခုဘဲ အခမဲ့ Discovery Call ခေါ် ယူပြီး ဆွေးနွေးလိုက်ပါ။
BOOK FREE DISCOVERY CALL